Skip to main content

မြန်မာ့ရေးရာအမှတ် ၁၄ ထွက်ရှိ

သုံးလတစ်ကြိမ်ထုတ် မြန်မာရေးရာ (Myanmar Affairs) အမှတ် ၁၄၊ ဇန်နဝါရီ ၂၀၂၀ ထွက်ရှိ လာသည်

ယခုစာစောင်တွင် ရွေးကောက်ပွဲနှင့် မျက်မှောက်နိုင်ငံရေး၊ အိုင်စီပြဿနာ ဖြေရှင်းချက်တို့ကို အထူးကဏ္ဍ ဖော်ပြထားသည်။ လွတ်လပ်ရေးနှင့် ပြည်ထောင်စုအမှတ်လက္ခဏာ၊ မြန်မာ့အပြောင်းအလဲရွေးကောက်ပွဲများနှင့် မြန်မာ့နိုင်ငံရေး၊ မြန်မာနိုင်ငံ အခြေခံဥပဒေများနှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ မဟာဗျူဟာနှင့် လူထုအမြင်သဘောထား၊ ၂၀၂၀သို့ အောင်ပွဲခံလမ်း၊ မြန်မာ၏ ICJ လျှောက်လဲချက်များကို အနောက်ကမ္ဘာမှ လက်ခံသင့်၊ တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အသွင် ကူးပြောင်းရေးကာလ ဆယ်စုနှစ်မြန်မာစီးပွားရေး ပြန်လည်တည်ဆောက်မှုနှင့် အရှေ့အာရှနိုင်ငံများ၏ အခန်းကဏ္ဍကို လေ့လာဆန်းစစ်ချက်၊ ပြည်သူ့အခွန်ဘဏ္ဍာငွေကို အပြည့်အဝမပေးသွင်းဘဲ သီးခြားဘဏ်စာရင်းဖွင့် သုံးသင့်ပါသလား စသည့်ဆောင်းပါးများ ပါဝင်သည်။

အောင်ကျော်အေးချမ်း၊ ဒေါက်တာကျော်ဝင်း (ရန်ကုန်တက္ကသိုလ်) အေးမောင်ကျော်၊ ဒေါက်တာအောင်ကြီး၊ အောင်သန့်၊ မောင်းဆက်၊ ဒေါက်တာမြင့်ဆန်း ဇင်လင်း မောင်ဇေယျာ၊ ရဲရင့်လင်းလက်၊ မိုးဇော်ဦး ဇော်အောင်၊ ဦးအောင်ကြည်ဝင်း (စာရင်းစစ်အရာရှိ-ငြိမ်း)၊ မျိုးညွန့်(ပေါ်ပြူလာ)၊ ကြည်မင်းသူ၊ Zhang Tian ပါဝင်ရေးသားထားသည်။

မြန်မာရေးရာလေ့လာရေးအဖွဲ့က မြန်မာရေးရာကို သုံးလတစ်ကြိမ် ပုံမှန်ထုတ်ဝေလျက်ရှိပြီး နယ်ကိုယ်စားလှယ်များ၊ စာအုပ်ဆိုင်များနှင့် တစ်ဦးချင်းမှာယူလိုသူများ အတွက် မြန်မာရေးရာအမှတ် ၁၄ ကို ဓူဝံစာပေ၊ အမှတ်၂၁၂၊ ၃၁လမ်း(အထက်ဘလောက်)၊ ပန်းဘဲတန်း မြို့နယ်သို့ မှာယူနိုင်ပါသည်။ နယ်မှတစ်ဦးချင်းမှာယူလိုသူများအတွက် စာတိုက်မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် နေ့ချင်းအရောက် ပေးပို့သွားမည် ဖြစ်ပါသည်။

မြန်မာရေးရာလေ့လာရေးအဖွဲ့ ဖုန်း - ဝ၁၈ ၃၈၇၅၆၈

ဓူဝံစာပေဖုန်း - ၀၁ ၃၈၅၅၉၇၊ ၀၉၇၃၂၀၃၀၃၂

Email: duwunsarpay3lapperst@gmail.com