Skip to main content

(၇၂)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်မြတ် (၁)ပါးပေါ်ထွန်း

နေပြည်တော်  ဇန်နဝါရီ  ၂၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ အာဂုံပြန်ဆိုနှင့် သ​​ဘောရေးဖြေပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပခဲ့ရာ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ ဘဒ္ဒန္တပညာဝံသာဘိဝံသ သက်တော်(၄၅)နှစ်၊ သိက္ခာတော် (၂၄)ဝါသည် ၁၅ ပါးမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒအဖြစ် သာသနာ့အာဇာနည် အရှင်မြတ်(၁)ပါး ထပ်မံပေါ်ထွန်းခဲ့သည်။

(၆၉)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘဒ္ဒန္တဝီရိယာနန္ဒ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း (၃)နှစ်ကြာမှသာ ယခုနှစ် (၇၂)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင်မှ တစ်ပါးထပ်မံပေါ်ထွန်းခဲ့ခြင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်