ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 27,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆူယန်ကျေးရွာ၊ ဖုန်အင်ယန်ကျေးရွာ၊ ခါ့ကရန်းယန်ကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် နှိုးဆော်ခြင်းလုပ်ငန်းကို မြန်မာ၊ ကချင်နှစ်ဘာသာဖြင့် ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(Frist Does)ထိုးနှံမှုကို ငွါးဇာခါးကျေးရွာ ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Sep 27,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် (၅၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ် ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် မချမ်းဘော့မြို့ အခြေခံပညာအလယ်တန်း၊ မြို့မကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီနှင့် မြို့နယ်ခွဲစည်ပင်သာယာရေးဌာန တာ၀န်ရှိသူများ၏ ဆွေးနွေး ဆုံးဖြတ်ချက်အရ ဈေးသည်များ၊ ဒေသနေပြည်သူများ စား၀တ်နေရေး အဆင်ပြေစေရေး အတွက် (၅ရက်တစ်ပတ်) ပျံကျဈေးအား ယနေ့ နံနက် တွင်ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း သိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေး ကော်မတီထံသို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ PPE ဝတ်စုံများ ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 24,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန် Hand Speaker ဖြင့် အသိပညာပေး နိူးဆော်ခြင်းများကို ယနေ့ နံနက်(၇)နာရီတွင် ဂူဘားလမ်းဆုံနှင့် မချမ်းဘော့မြို့စည်ပင်သာယာဈေးတွင် မြန်မာ၊ ကချင်၊ ရဝမ်၊ လီဆူ၊ ရှမ်းဘာသာစကားဖြင့် အသိပေးနိူးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာ ထုတ်ပေးခြင်း ယနေ့ နံနက်(၉)နာရီအချိန်တွင် ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွာရေး ဘဏ်ခွဲရုံး၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။