ဝေးလံခေါင်ဖျားဒေသသတင်းများ

May 26,2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး/အဘွားများအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
May 21,2022
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်း၊ ရိက္ခာအတွက် အလှူတော်ငွေများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ဟားခါးမြို့ရှိ မြို့မသာသနာပြုကျောင်းတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
Apr 20,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဒေသတွင်နေထိုင်သည့် ပြည်သူများအားအသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် ကိုဗစ်-၁၉ နှင့် Omicron ၏ ထူးခြားသောအချက် သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် ၁၁ နာရီက ပြသဆောင်ရွက်ခဲ့သည်။
Apr 20,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Apr 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကာလ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဒေသနေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပညာ ပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်(၄) ရပ်ကွက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 18,2022
မြန်မာ လူမျိုးများ၏ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်။ စုကလိမြို့၊ မုလအိဆံတော်ရှင် စေတီတော်တွင် ဓလေ့ရိုးရာအောင်တံခွန်တိုင် စိုက်ထူပူဇော်ခြင်းအား ယမန်နေ့နံနက် မင်္ဂလာနှစ်သစ် အချိန်ခါဖြစ်သော ၉ နာရီခွဲက မုလအိဆံတော်ရှင် အမျိုးသမီးဘုရား အောင်မြေနေရာ တွင် စိုက်ထူခဲ့ကြသည်။
Mar 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်နှင့် Lock Down ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် အမှတ်၂၈ ရေတပ်အခြေစိုက်စခန်းမှ ဗိုလ်မှူးချစ်ကိုကို ဦးဆောင်မှုဖြင့် ရပ်ကွက်အတွင်း ဟင်းသီးဟင်းရွက်များကို ယမန်နေ့မနက် ၈နာရီတွင် လာရောက် ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာများ၊ ဒေသခံများ၊ ရပ်မိရပ်ဖများ၊ လာရောက် ဝယ်ယူစားသုံးကြပြီး ဟင်းရွက်တစ်စီးလျှင်၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
Mar 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုကျွန်းမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ မိဘပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်သွားရန် ကိစ္စနှင့်ပက်သက်၍ ဆိုင်ကယ်များ မောင်းနှင်စီးနည်းသည့် အခါတိုင်းသတ်မှတ်ထားသော မိုင်နှုန်းအတိုင်းသာ မောင်းနှင်ရန်၊ ဆိုင်ကယ်စီးနင်းနေချိန်တွင် ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်အိတ်ဇောများကိုလဲ ကျယ်လောင်စွာ တပ်ဆင်စီးနင်းခြင်း မပြုရဟု ကြေညာပေးခဲ့ကြောင်း သိရသည်။