ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြင်စလူမြို့နယ် မြေရဲစခန်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 21,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကို ဈေးရောင်း ဈေး၀ယ်သူများနှင့် လမ်းသွား လမ်းလာသူများအား RDT Tesk kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၆နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Nov 09,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယနေ့နံနက် ၈ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Nov 03,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် နိုဝင်ဘာ(၁)ရက်နေ့မှ စ၍ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ထားရှိပြီး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိနေကြကြောင်း သိရသည်။
Oct 31,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာဆရာမများနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကပ်ဘေးတို့မှ ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မူဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဝင်များ၊ ဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ စုပေါင်း၍ ကျောင်းဝင်းအတွင်း ခြံစည်းရိုးပေါ်ရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2021
လူငယ်များကျန်းမာ ကြံ့ခိုင်ရေးနှင့်အားကစား၌ ထူးချွန်သည့်လူငယ်များ ဖြစ်လာစေရေး ရည်ရွယ်လျက် ဖလမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပသည်။
Oct 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ( ၃:၅၀) အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 27,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆူယန်ကျေးရွာ၊ ဖုန်အင်ယန်ကျေးရွာ၊ ခါ့ကရန်းယန်ကျေးရွာတို့တွင် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေစုကန် တည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။