Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များတွင် သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 04,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့ နံနက်ပိုင်း ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ် မုဒုံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေး
Sep 04,2021
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့နယ်၊ ပူတောင်း ကျေးရွာအုပ်စု မုဒုံကျေးရွာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ချေးငွေများ ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 31,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်ရေး မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) ရပ်ကွက်ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အတွင်းရှိရပ်ကွက်များ၌ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 28,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်နှိုးဆော် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မချမ်းဘောမြို့နယ်များအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 25,2021
ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၄ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်း ဖောက်လုပ်နေမှုနှင့် မချမ်းဘောမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသူများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 23,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်း ပြည့်ဆောင်ရွက်နိုင်ရေးတို့အတွက် သြဂုတ် ၂၂ ရက်တွင် ပူတာအိုသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ပြီး မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပေါ်ရပ်ကွက်နှင့် လဟယ် - ဆင်သေလမ်းပေါ်ရှိ ကျေးရွာအုပ်စုများနှင့် လဟယ် - နန်းယွန်း လမ်းပေါ်ရှိ ကျေးရွာများအား Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ်ဩဂုတ် (၂၀)ရက်မှ စတင်၍ ယမန်နေ့အထိ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်နှိုးဆော်
Aug 19,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အသိပညာပေးနှိုးဆော်ခြင်းအား မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာများ၊ အများပြည်သူကြားနိုင်သောနေရာများတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးတုံ့ပြန်ရေးကော်မတီဝင်များက ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13
Page
14
Page
15
Page
16
Current page
17
Page
18
Page
19
Page
20
Page
21
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department