Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
တောင်တွင်းကြီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၉၀)ဦး ဝင်ရောက် ဖြေဆိုမည်
Feb 25,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
2019 Novel Corona Virus အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 25,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက် ကူးစက်ပျံ့ပွားမှု မရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့ ရေဆိပ်နှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် Hi Jack မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု ကျိုက်ပိကျေးရွာ လမ်းခွဲအနီး၌ ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်က HiJack မော်တော်ယာဉ် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ကြန်ကာလတွင် နိုင်ငံခြားသားများ လာရောက်လည်ပတ်သော နေရာတစ်ခုအဖြစ် Night market တစ်ခု ဖန်တီးသွားမည်
Feb 25,2020
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်ကာလ ညပိုင်းတွင် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်လာစေရန် ၃၈လမ်း၊ ၇၃လမ်းနှင့် ၇၈လမ်းကြားတွင် Night market တစ်ခု ဖန်တီးသွားရန် စီစဉ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဘာဝမြေဆွေး အသုံးပြုရေး ပညာပေးဆောင်ရွက်
Feb 25,2020
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း သဘာဝ မြေဆွေးပုံများ တိုးချဲ့အသုံးပြုနိုင်ရေး ပညာပေး ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ ၁၂ ရွာတွင် သဘာဝမြေဆွေးပုံ ၂၅ ပုံ ပြုလုပ်ထာပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၃)ခုဖြင့် ကျင်းပသွားမည်
Feb 25,2020
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူ (၃၈၆၀) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၁၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ ရေရှားပါးပြတ်လပ်ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ပါက မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖော်ပြပါဖုန်းနံပါတ်များသို့ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ
Feb 25,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များတွင် မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် သူများအား စာစစ်ဌာန အသီးသီးတွင် ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
350
Page
351
Page
352
Page
353
Current page
354
Page
355
Page
356
Page
357
Page
358
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department