ချောင်းဆုံ မတ် ၁၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာအောင်ချမ်းငြိမ်း ဦးဆောင်သော ဝန်ထမ်းများသည် ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က (ပြန်/ဆက်) ရုံး စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိတ်သတ်များအား ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ကာကွယ်ရေး အကြောင်းအရာများအား ပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်တွင် စာကြည့်တိုက်သို့ရောက်လာသည့် ကျောင်းသား/သူများအား ပြန်/ဆက်ရုံး ကလေးစာဖတ်ခန်းတွင် ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းက ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ လက်ဆေးနည်း အကြောင်းအရာ သိကောင်းစရာများ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)