မယ်စဲ့ ဇန်နဝါရီ ၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ၁နာရီခန့်က ရုတ်တရက် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မယ်ဆည်နမ်ကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာရှိ သွပ်မိုး၊ ပျဉ်ကာ နေအိမ်တစ်လုံး ခေါင်မိုးလန် ပျက်စီးဆုံးရှုံးသွားကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည် (ပြန်/ဆက်)