လွိုင်ကော်ခရိုင် အာကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ

လွိုင်ကော်    ဖေဖော်ဝါရီ  ၂၆

၂၀၂၀ ပြည့်နှစ်၊ လွိုင်ကော်ခရိုင် အာကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာအုပ်စု၊ ထူဒူငံသကျေးရွာ CR-7 ဖူဆယ်အားကစားကွင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ မြို့နယ်ကိုယ်စားပြုအသင်းများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲအဖြစ် လွိုင်ကော်မြို့နယ် အသင်းက ဒီးမောဆိုမြို့နယ်အသင်းကို ၁၁ ဂိုး ၇ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း၊ ဒုတိယဆုကို ဒီးမော့ဆိုမြို့နယ် အသင်းကလည်းကောင်း၊ တတိယဆုကို နန်းမယ်ခုံအသင်းက လည်းကောင်း ရရှိသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသော လွိုင်ကော်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ဒီးမော့ဆိုမြို့နယ် အသင်း၊ တတိယ ဆုရရှိသော နန်းမယ်ခုံမြို့နယ်အသင်း နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံ ကစားသမားဆုရရှိ သည့် လွိုင်ကော်မြို့နယ်အသင်းမှ မောင်ကျော်ဇော်လင်း နှင့် အကောင်းဆုံး ဂိုးသမားဆုရရှိသည့် နန်းမယ်ခုံအသင်းမှ မောင်သီဟလင်းတို့အား လွိုင်ကော်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးယောဟန် နှင့် တာဝန်ရှိသူတို့က ဆုတံဆိပ်ဆွဲပြားများ၊ ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြုဆုဖလား တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းလေး(ပြန်/ဆက်)