မယ်စဲ့မြို့နယ်တွင် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပ

မယ်စဲ့  ဇန်နဝါရီ  ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် မြို့နယ်  အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး ၊ ဒုတိယမြို့နယ် ပညာရေးမှူးဦးရဲမြင့်၊ အထက(မယ်စဲ့) ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြမော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်ကို ကျင်းပရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်း ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဘောလခဲခရိုင် ပညာရေးမှူး ဦးစသိန်းကျော်က လမ်းညွှန်အမှာ စကားပြောကြားသည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲမြင့်က ပညာရေးစုံညီပွဲတော်  ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေ့ထူးနေ့မြတ်အထိမ်းအမှတ် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ပြိုင်ပွဲများတွင်  ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့်  တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရ သည်။

ဝတ်ရည် (ပြန်/ဆက်)