ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း လုပ်ငန်းများ လူအုပ်စုတိုင်းသို့ ရောက်ရှိစေ‌ရေး အသိပေး ဆွေးနွေးပွဲပြုလုပ်

ဘီးလင်း  ဇန်နဝါရီ  ၈

ဘီးလင်းမြို့နယ်၌ ကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်း လုပ်ငန်းများ အုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရေး အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိုးကျော်သူက ကာကွယ်ဆေးထိုး/တိုက်လုပ်ငန်းများ အုပ်စုတိုင်းကလေးငယ်များသို့ ရောက်ရှိစေရေး တင်ပြချက်များကို  ရှင်းလင်းပြသဆွေးနွေးခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထူးနောင် (ဘီးလင်း)