ဘီးလင်း ဇန်နဝါရီ ၈
ဘီးလင်းမြို့နယ် ရွှေလှေ မီးသတ်စခန်းအဆောက်အဦ ဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာ အခမ်းအနားကို ယမန်နေ့က အဆိုပါအဆောက်အဦဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေလှေနယ်မြေ မီးသတ်စခန်း ပန္နက်တော်တင် အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ၊ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်လင်းသိန်း၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးအောင်ကြင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်လေးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ မင်္ဂလာပန္နက် ရိုက်ပေးခဲ့ကြသည်။
ရွှေလှေနယ်မြေ မီးသတ်စခန်းကို မွန်ပြည်နယ်အစိုးရ ခွင့်ပြုငွေ ဖြင့် (၄၅×၅၀×၂၆) ပေရှိ RC နှစ်ထပ်အဆောက်ဦအဖြစ် အပါးချမ်းကုမ္မဏီမှ တာဝန်ယူဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထူးနောင်(ဘီးလင်း)