မယ်စဲ့ ဇန်နဝါရီ ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ကျောက်စုကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန် ပျက်စီးသွားသည့် အိမ်ရှင် ဦးကာလိုအား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘောလခဲခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဖြိုးစည်သူနှင့် မယ်စဲ့မြို့နယ် ယာယီဦးစီးမှူးရုံးမှ အငယ်တန်းစာရေးဦးမျိုးမင်းသန့်တို့က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်သွားသည့် နေအိမ်တစ်လုံးအတွက် ဆန် ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၆,၃၀၀၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၆၀,၀၀၀၊ စုစုပေါင်း ကျပ် ၆၆,၃၀၀ ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)