ရွှေဘိုမြို့၌ KG ကျောင်းသားကလေးငယ်များအား ​ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်

​ရွှေဘို ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် KG အရွယ် ကျောင်းသား/ကျောင်းသူတစ်ဦးအတွက် တစ်နေ့တာစွမ်းအင်လိုအပ်ချက်၏ အနည်းဆုံး (၃၀) ရာခိုင်နှုန်း၊ (၅၅၅) ကီလိုဂရမ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကျောင်းတွင်းအာဟာရ ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နေ့လယ်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် KG ကျောင်းသား/ ကျောင်းသူတစ်ဦး၏ တစ်နေ့တာအတွက် လိုအပ်သည့် အသားဓာတ် (၄၀) ရာခိုင်နှုန်း၊ (၈) ဂရမ်ပြည့်ဝစေရေး ထမင်း၊ ကုလားပဲနှပ်၊ အစိမ်းကြော်၊ ကြက်သား၊​ မြေပဲစား​လှော်စသည့်တို့အား သတ်မှတ်ပုံစံနှင့်အညီ ကျွေးမွေးခဲ့ကြောင်း အာဟာရကျွေးမွေး​နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​​သောင်းတင်​ထွေးနှင့်အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်​ရေးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီး​ရေးရာနှင့် မိခင်နှင့်က​လေး​​စောင့်​ရှောက်​ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ တက်ရောက်အားပေးခဲ့ကြောင်းနှင့်အခြားကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်း၌ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့အတွက် သုံးကြိမ်ကျွေးမွေးသွားမည်ဖြစ်ပြီး KG ကလေးငယ် (၉၆၉) ဦးရှိကြောင်းသိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)​