မော်လမြိုင် ဇန်နဝါရီ ၁၀
မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အခြေခံ ကွန်ပျူတာ သင်တန်း အမှတ်စဉ် (၃/၂၀၁၉)နှင့်(၄/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ ၌ကျင်းပသည်။
ရှေဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက် ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ မော်ကွန်းထိန်း ဦးဝင်းဗိုလ် က သင်တန်း ဖွင့်လှစ်ခဲ့မှု နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အခြေခံ ကွန်ပျူတာ သင်တန်း (၃/၂၀၁၉) နှင့် (၄/၂၀၁၉) သင်တန်းများတွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြသောနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများကို မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးဝဏ္ဏကျော် နှင့်တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃/၂၀၁၉)နှင့်(၄/၂၀၁၉)သင်တန်းသား၊သင်တန်း သူများ ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။
ညီညီချမ်း(ပြန်/ဆက်)