စစ်ကိုင်း ဖေဖော်ဝါရီ ၁
စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက မြေစိုက်ပိုစတာအား စိုက်ထူပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
(၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာတွင် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုအဆောက်အဦများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၊ ပြည်ထောင်စုအထိမ်းအမှတ် ကျောက်တိုင်တို့ပါရှိသော ပိုစတာအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်( ပြန်/ဆက်)