လွိုင်ကော် မတ် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၅)ဖြင့် ဇန်နဝါရီလ ၄ ရက်တွင် ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်လှူဒါန်းခဲ့ရာ ကယားပြည်နယ်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခံရသည့် ဆရာတော်သံဃာတော်များအား ကယားပြည်နယ်အစိုးရအဖွဲ့ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာ မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး “ထူးမခြားနား”သီချင်းခံ(၂)ပိုဒ်ဖြင့် ချီးကျူးပူဇော်သည်။ ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က အဂ္ဂမဟ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ လွိုင်ကော်မြို့၊ ရွှေကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသီဟနန္ဒက “သမ္မောဒနီယဩဝါဒကထာ” မြွက်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံသို့ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်ဆရာတော်ထံ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၄)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ကြွရောက်တော်မူသည့် ဆရာတော်သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။
ယခုဆက်ကပ်လှူဒါန်းပူဇော်ပွဲတွင်ကယားပြည်နယ်မှ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါးနှင့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၄)ပါးတို့ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခံရကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)