နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရွှေဘိုပေါ်ဆန်းမွှေးစပါးစိုက်ပျိုးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအဖွဲ့ဝင်များ၊ SMUအသင်းအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က  နေပြည်တော်အတွင်း စားရေရိက္ခာဖူလှုံမှုရှိစေရန် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးစပါးမျိုးကိုတိုးချဲ့စိုက်ပျိုးနိုင်‌ရေး၊ စပါးအပါအဝင်စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းများထွက်ရှိရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ အရည်အသွေးကောင်းမွန်သော သွင်းအားစုဓာတ်မြေဩဇများအပြင် သဘာဝမြေဩဇာများပြုလုပ်ပြီး ထည့်သွင်းအသုံးပြုစေလိုကြောင်း၊ စိုက်ပျိုးရေများကို စနစ်တကျအလေအလွင့်မရှိစေရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ အသားကဏ္ဍအတွက် မွေးမြူရေးတိရစ္ဆာန်များ၊ ဥစားကြက်များတိုးမြှင့်မွေးမြူကြရန်၊ ငါးမွေးမြူရေးကန်များအကောင်အထည်ဖော်ရေးတို့ကို စနစ်တကျဆောင်ရွက်ကြရန်နှင့် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေးကိုအလေးထားဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများကိုလည်း ကွင်းဆင်း‌၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်စေလိုကြောင်း  ပြောကြားသည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက မြို့နယ်အတွင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသူများက ရွှေဘိုပေါ်ဆန်းမွှေးစပါး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ငါးမွေးမြူရေးကန်များ ဖော်ဆောင်နိုင်ရေးဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေပေးဝေမှုအခြေအနေများနှင့်ပတ်သက်၍‌ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုန်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)