ပေါင် မတ် ၂၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံ ပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က) ပေါင်နှင့် (အ.ထ.က) ကျွဲခြံကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် (အ.ထ.က) ပေါင်ကျောင်းတွင် အလယ်တန်းနည်းပြဆရာ (၁၂) ဦးက သင်တန်းသား၊ သင်တန်းသူ (၁၆၅) ဦးကိုလည်းကောင်း၊ (အ.ထ.က) ကျွဲခြံကျောင်းတွင် မူလတန်းနည်းပြ ဆရာ (၄၀) ဦးက သင်တန်းသား၊ သင်တန်းသူ (၆၂၁) ဦးကိုလည်းကောင်း၊ ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ သိပ္ပံဘာသာရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်းပြန်လည်ဆွေးနွေးစေခဲ့သည်။
အဆိုပါဆွေးနွေးပွဲအား မတ်လ (၂၄) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့ထိ နေ့စဉ်နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
မွန်မလေး (ပြန်/ဆက်)