ကျိုက်ထို မတ် ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံ ပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ် ၂၃ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် နည်းပြဆရာမ (၂၂) ဦးက စာသင်ခန်း (၈) ခန်းရှိ သင်တန်းသား၊ သင်တန်းသူ (၂၀၆) ဦးတို့အား အလယ်တန်းအဆင့်ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ သိပ္ပံဘာသာရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်းပြန်လည်ဆွေးနွေးစေခဲ့သည်။
အဆိုပါဆွေးနွေးပွဲအား မတ်လ ၂၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးမှူးထံမှ သိရသည်။
ဝင်းမောင်