ကျွန်းလှ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဘာသာတရားကိုင်းရှိုင်းပြီး၊ လိမ္မာယဉ်ကျေးစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက အင်ကြင်းမြိုင်ရပ်ကွက်၊ ဝေရိက္ခယ သီလရှင်စာသင်တိုက်၌ ကျင်းပသည်။
ဦးစွာ ဝေရိက္ခယ သီလရှင်စာသင်တိုက် ကျောင်းအုပ်ဆရာကြီး ဒေါ်ပညာသိင်္ဂီက သင်းတန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်ပေးကြသည်။
အဆိုပါ သင်တန်းသို့ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ် ၆ ရက်မှ ၂၅ ရက်နေ့ထိ ရက် ၂၀ ကြာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)