ရွှေဘို မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက အသေးစားစက်မှု့လက်မှု့လုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှု့ကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှတင်သွင်းလာသော လူသုံးကုန်ပစ္စည်းများနေရာတွင် ပြည်တွင်းဖြစ်လူသုံးကုန်များဖြင့် အစားထိုးနိုင်ရန် နိုင်ငံခြားသုံးငွေလျှော့ချနိုင်စေရန်၊ ပြည်သူများကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်ပြီး တစ်ဦးခြင်းဝင်ငွေတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နေခြည်က သင်တန်းရေးရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင်နည်းပြနှစ်ဦးတို့က၊ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်းများကိုမတ်လ (၂၄) ရက်နေ့မှ (၃၀) ရက်နေ့ထိ (၇) ရက်ကြာ စာတွေ့/လက် တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀) ဦး တက်ရောက်ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)