ပုဗ္ဗသီရိ မတ် ၂၅
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ “သတင်းစကား” လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခဲ့ပြီး လက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ “ချစ်ညီစစ်သည်သို့” ကဗျာ၊ ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)