ဒီးမော့ဆို ဖေဖော်ဝါရီ ၂၂
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ် နွေစပါးချိန် ဆည်ကန် များမှ ပေးဝေသောရေဖြင့် နွေစပါး ၃၁၀၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ရှိ ငွေတောင်ဆည် အပါအဝင် ဆည်ကန် (၈) ခုနှင့် လျှပ်စစ်ရေတင်စနစ်တစ်ခု တို့မှ ပေးဝေသောရေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် နွေစပါး စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့မရပ်ကွက်တွင် ၈၀ ဧက၊ ဆင်တောင်ကျေးရွာ အုပ်စုတွင် ၅၂၀ ဧက၊ ဘုရားဖြူကျေးရွာအုပ်စုတွင် ၂၆၂ ဧက၊ အိုကေကျေးရွာအုပ်စုတွင် ၁၈၀ ဧက၊ ဒေါဘူးကူးကျေးရွာအုပ်စုတွင် ၁၂ ဧက၊ ငွေတောင် ကျေးရွာအုပ်စုတွင် ၇၂၇ ဧက၊ စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် ၇၄၀ ဧက၊ ဒေါတော်ကူးကျေးရွာအုပ်စု တွင် ၆၀ ဧက၊ ဒီးမော့ဆိုကျေးရွာအုပ်စုတွင် ၆၉ ဧက၊ နောင်ပုလဲကျေးရွာအုပ်စုတွင် ၃၅၄ ဧက၊ သေးဆူလဲ ကျေးရွာအုပ်စုတွင် ၅၀ ဧက၊ ဒေါကလော်ဒူကျေးရွာအုပ်စုတွင် ၅၀ ဧက စုစုပေါင်း နွေစပါး စိုက်ဧက ၃၁၀၄ ကို စိုက်ပျိုးသွားရန် လျာထားလျက်ရှိသည်။
တောင်သူများ အနေဖြင့် နွေစပါးစိုက်ပျိုးချိန် အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ဖေဖော်ဝါရီလ ပထမပတ်မှစ၍ စတင်ထွန်ယက်ပြီး ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)