ဇေယျာသီရိမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဇေယျာသီရိ မတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ်၊  မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်စံအောင်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေ‌ပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့် ဝန်ထမ်းများက ပြည်စံအောင်ဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ဖြန့်ဝေ‌ပေးခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် “နှင်းအပ်တာဝန် ကျေပွန်ခဲ့သည်”၊ “နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ”၊ “နိုင်ငံရေးရည်မှန်းချက်(၂)ရပ်”၊ “တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်”၊  “အမျိုးသားရေးရည်မှန်းချက်(၂)ရပ်”၊ ၂၀၂၄ ခုနှစ်၊ “မတ်လ ၂၈ ရက်နေ့ (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်”၊ မျိုးမြတ်မြတ်မြင့်မောင်၏ “ချစ်ညီစစ်သည်သို့” ကဗျာနှင့် ကာတွန်းစသည့် အချက်များပါဝင်ပြီး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခြင်းဖြစ်‌ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)