ကျွန်းလှမြို့နယ်၌ ဒေသထွက် ဂန္ဓမာပန်းများ ရောင်းအားကောင်း၍ စိုက်ပျိုးသူများအဆင်ပြေ

ကျွန်းလှ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းများအတွင်း မြေအောက်ရေတင်စိုက်ပျိုးသော ဒေသထွက်ဂန္ဓမာပန်းများ ရောင်းအားကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။

“ ကျွန်းလှမြို့ပေါ်ရပ်ကွက်များမှာ နေအိမ်ခြံဝင်းများအတွင်း ရာသီအလိုက် ဟင်းသီးဟင်းရွက်နဲ့ ပန်းမျိုးစုံစိုက်ပျိုးကြပါတယ်။ ပန်းမျိုးစုံစိုက်ပျိုးမှုအဖြစ် ဂန္ဓမာပန်း၊ မေမြို့ပန်း၊ သပြေပန်းတို့ အဓိကစိုက်ပျိုးကြပါတယ်။ ဒီနှစ် ဂန္ဓမာပန်းအပင် ၁၅၀၀၀ စိုက်ပျိုးပြီး အခုအခါ ရောင်းနေရပြီဖြစ်ပါတယ်” ဟု အင်ကြင်းမြိုင်ရပ်ကွက် ပန်းစိုက်ပျိုးသူတစ်ဦးက‌ ပြောသည်။

အဆိုပါ ဒေသထွက်ဂန္ဓမာပန်းများက တာရှည်ခံပြီး လူကြိုက်များသည့်အတွက် ရောင်းအားကောင်းနေကြောင်း၊ ဖောက်သည်ဈေး ပန်းတစ်ခက် ငွေကျပ် ၁၀၀ ရောင်းရကြောင်း၊ တစ်ရက်မိသာစုဝင်ငွေကျပ် ၃၀၀၀၀ ကျော်ရရှိသဖြင့် အဆင်ပြေကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)