၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP) လွိုင်ကော်တွင် ဖွင့်လှစ်

လွိုင်ကော် မတ် ၂၆

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip.EP)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောရာတွင် ယခုသင်တန်းသည် ပြည်နယ်အတွင်း ပညာရေးဒီပလိုမာ မရရှိသေးသည့် ဆရာ ဆရာမများ သင်ကြားရေးစွမ်းရည် မြင့်မားလာစေရန်နှင့် ဆရာအတတ်သင် အရည်အချင်း ပိုမိုပြည့်စုံစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတွင် ကွာဟမှုမရှိစေရေး  ဆရာ ဆရာမများ၏ ကျွမ်းကျင်မှုအရည်အချင်းပြည့်ဝစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချသည့်ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူပြီး နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားကိုးအားထားပြုရသည့် ဆရာကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးဒေါ်ချယ်ရီထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) တက်ရောက်မည့် နည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းသားသင်တန်းသူများကိုယ်စား ကိုယ်စားလှယ် ဦးက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်သည့် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP) သင်တန်းကာလကို (၂၄--၂၀၂၅)ရက်မှ (၃၀--၂၀၂၅)ရက်ထိနှင့် တန်းပြကာလကို (--၂၀၂၅)ရက်မှ (၃၁--၂၀၂၅)ရက်ထိ သင်တန်းသားသင်တန်းသူ(၂၃၂)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)