ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမများ၏ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့်ဆွေးနွေးပွဲများ ဖွင့်လှစ်နေမှုများကို ကြည့်ရှုအားပေး

လွိုင်ကော်      မတ်    ၂၆

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဌာနတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ အမှတ်() အမှတ်()နှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်းများ၌ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမများ၏ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေသည့် အထက်တန်းပြဆရာ ဆရာမများနှင့် တွေ့ဆုံအားပေးခဲ့ ပြီး သင်တန်းကာလအထောက်အပံ့ဖြစ်စေရန် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းတာဝန်ခံတစ်ဦးက လက်ခံရယူခဲ့သည်။

ထို့နောက် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသည့် အလယ်တန်းပြဆရာဆရာမများနှင့် တွေ့ဆုံအားပေးခဲ့ပြီး သင်တန်းကာလ အထောက်အပံ့ဖြစ်စေရန် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းတာဝန်ခံတစ်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေသည့် မူလတန်းပြဆရာ ဆရာမများနှင့် တွေ့ဆုံအားပေးခဲ့ပြီး သင်တန်းကာလ အထောက်အပံ့ဖြစ်စေရန် ချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းတာဝန်ခံတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့နောက် အဆိုပါကျောင်း၌ ဆရာ ဆရာများ၏ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ပို့ချနေမှုနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယခုသင်တန်းအား ကယားပြည်နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆရာ/ဆရာမ  (၉၇၀)ဦး တက်ရောက်၍ သင်တန်းကာလ(၂၄--၂၀၂၅)ရက်နေ့မှ (၂၆--၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)