ကလေး မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မာရုံတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ပါရာဇိကဏ်(၂) ဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၉၅) ပါး စာရင်းပေးသွင်းထားရာ (၈၅) ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၀) ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။
စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များနှင့် သွားလာမှု အဆင်ပြေလွယ်ကူစေရေး ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)