နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီဝင်ဦးဇေယျာလင်းတို့သည် မန္တ‌လေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများကြည့်ရှုစစ်‌ဆေးပြီး ဆရာတော်များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဥတ္တရသီရိ  ဧပြီ  ၁၂

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တ‌လေးမြေငလျင်ကြီးကြောင့် ဥတ္တရသီရိမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများ ကြည့်ရှုစစ်‌ဆေးပြီးဆရာတော်များအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့သည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကလေး‌ရောဂါအထူးကုဆေးရုံကြီးသို့ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များသည် ဥတ္တရသီရိရပ်ကွက် သစ်ဝင်တိုင်းနယ်မြေ ငလျင်ဘေးကူညီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး စခန်းအတွင်းတာဝန်ရှိသူများ၊ ဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ စနစ်တကျနေထိုင်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများသည် သစ်ဝင်တိုင်းကျေးရွာ သီရိမင်္ဂလာဘုန်း‌တော်ကြီးကျောင်းသို့ရောက်ရှိပြီး  ကျောင်းထိုင်ဆရာတော် ဦးပညာသာမိအား ဖူးမျှော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် လည်ပင်းရောဂါအထူးကုဆေးရုံကြီးသို့ရောက်ရှိပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံဝင်းအတွင်း ယာယီဆေးရုံဖွင့်လှစ်၍ အင်းဒိုနီးရှားနိုင်ငံမှ အထူးကုဆရာဝန်များကပြည်သူများအား ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ မြင့်ထူးသာကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးဝါသဝအား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းခဲ့‌ကြောင်းသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)