လယ်ဝေး ဧပြီ ၁၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်၍ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ငလျင်ဘေးဒဏ်ကြောင့် လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)၊ ရွှေအင်တောင်မဟာစည်ရိပ်သာ၊ တေဇစက္ကီဘုန်းတော်ကြီးကျောင်း၊ ချမ်းမြေ့ရိပ်သာကျောင်း၊ သံလမ်းကျောင်းတို့တွင် ယာယီပြောင်းရွေ့နေထိုင်သည့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အစာအစားများ သန့်ရှင်းစွာစားသောက်ရန်အသိပညာပေးခြင်း၊ ရေထွက်အရင်းအမြစ်များအား ရေသန့်ဆေးပြားများခတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်း Hand Gel များဖြန့်ဝေခြင်း၊ မေးခိုင်ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေပေးခြင်း၊ ပြင်းထန်၀မ်းလျှော၀မ်းပျက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည် (ပြန်/ဆက်)