တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသည့် ကျေးရွာနှစ်ရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်၊ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်

တပ်ကုန်း ဧပြီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသော မြောက်မြိုက်၊ လက်ပန်ကျေးရွာများတွင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်း ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် မြောက်မြိုက်ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ယနေ့ထိ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ဆောင်ရွက်လျက်ရှိသည်။

ထိုငလျင်ဘေးသင့်ကျေးရွာများတွင် ဆေးစိမ်ခြင်ထောင် ၁၀၂၅လုံး ဖြန့်ဝေပေးခဲ့ခြင်း၊ အထွေထွေလူနာပေါင်း ၃၆၇ ဦး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ခြင်း၊ လူဦးရေ ၁၀၆၇ ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောပေးခဲ့ခြင်း၊ လက်သန့်ဆေးရည် ၇၂ ဗူးပေးဝေခဲ့ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေး (50kg) ခတ်ပေးခဲ့ခြင်း၊ ရေတွင်းရေကန်များကို Chlorine ခတ်ပေးခဲ့ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် လူဦးရေ ၁၉၄ ဦးအား (OCV) ကာကွယ်ဆေးတိုက်ကျွေးခဲ့ခြင်းနှင့် ရေသန့်ဆေးပြား ၁၁၅၂ ပြားထည့်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်သူ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်