မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၁၃၈၆ ခုနှစ်၊ မွန်ပြည်နယ် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်  ဧပြီ ၁၄

မော်လမြိုင်မြို့တွင် ၁၃၈၆ ခုနှစ် မွန်ပြည်နယ်လမ်းလျှောက် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကမ်းနားလမ်း၌ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က လမ်းလျှောက်သင်္ကြန်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှပျိုဖြူလေးများအား အမွှေး နံ့သာရည်များပတ်ဖျန်း၍ မွန်ပြည်နယ် လမ်းလျှောက်သင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အေးချမ်းစွာဆင်နွှဲကျင်းပခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)