ဥတ္တရသီရိမြို့နယ်၌ မန္တလေးမြေငလျင်ကြီးသင့်ခံခဲ့ရသည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဥတ္တရသီရိ ဧပြီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးသင့်ခံခဲ့ရသောဒေသများတွင် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ရက်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါ်တင်တင်လင်းနှင့်အဖွဲ့ဝင် (၂၅) ဦး၊ IFRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ Programme Coordinator Mis. Marie Manrique နှင့်အဖွဲ့ဝင်များ၊ စင်္ကာပူနိုင်ငံ ကြက်ခြေနီအသင်းမှ Mr.jaronနှင့် အဖွဲ့ဝင်(၃)ဦးတို့သည် ဥတ္တရသီရီမြို့နယ်(သစ်ဝင်တိုင်းနယ်မြေ) သဘာဝဘေးအန္တရာယ်(မြေငလျင်ဘေး) ကူညီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး တာဝန်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်းနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကူညီဆောင်ရွက်ပေးနိုင်ရေး လိုက်လံကြည့်ရှု့ခဲ့ပြီး၊ ယာယီတဲ‌ (၂၉)တဲလှူဒါန်းခဲ့ပြီး ဆက်လက်၍ သစ်ဝင်တိုင်းကျေးရွာ သီရီမင်္ဂလာပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသာမိထံသို့ Mini လက်နှိပ်ရေသန့်စက်နှစ်လုံးအား လှူဒါန်း၍ အသုံးပြုနည်းအား သရုပ်ပြရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)