လဟယ် ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြိုနေ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဧပြီ(၁၃)ရက်နေ့ ညနေ(၁၄)နာရီအချိန် တိုးချဲ့(၁)ရပ်ကွက်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နှစ်သစ်ကူးမိန့်ခွန်းပြောကြားပြီး ဗဟိုရေကစားမဏ္ဍပ်ကို "မန်းတောင်ရိပ်ခို" သီချင်းဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပါသည်။
၎င်းနောက် ပွဲတော်သို့ တက်ရောက်ကြသူများအား ကြာဇံဟင်းခါး စတုဒိတာဖြင့် ဧည့်ခံပါသည်။ အဆိုပါ ၂၀၂၅ခုနှစ် မြန်မာ့ရိုးရာမဟာအတာ သင်္ကြန်ပွဲတော်အကြိုနေ့သို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့်အဖွဲ့ဝင်များ၊ ဒေသမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများတက်ရောက်ပါသည်။
မြို့နယ်(ပြန်/ဆက်)