အိမ်မဲ ဧပြီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သင်္ကြန်ပွဲတော်အကြပ်နေ့ ယနေ့၌ ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက် ရေပက်ကစားကြလျက်ရှိကြသည်။
တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်းဆုတောင်းပြည့်ဘုရားရှေ့၊ လမ်းလျှောက်သင်္ကြန်၊ ရပ်ကွက်၊ ကျေးရွာများတွင် ရေပက်ကစားကြသည့်နေရာများတွင် ထမင်း၊ မုန့်လက်ဆောင်း၊ ဖျော်ရည်၊ ကျောက်ကျော၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေးတို့ကို စတုဒိသာအနေဖြင့် ကျွေးမွေးလှူဒါန်းခြင်းနှင့် ရေပက်ကစားကြသူများအား ယိမ်းအကဖျော်ဖြေခြင်း၊ တစ်ဦးနှင့်တစ်ဦး မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းများ ဆောင်ရွက်ကြသည်။
တပ်ကုန်းမြို့နယ်အနေဖြင့် နှစ်စဥ် နှစ်ဆန်း(၁)ရက်နေ့တိုင်း သက်ကြီးဘိုးဘွားပူဇော်ပွဲ၊ ပရိတ်ရွတ်ဖတ်ပွဲဆောင်ရွက်လျက်ရှိသည်။
တင်စိုးလွင်