ပေါင်မြို့နယ်၌ ကမ္ဘာအေးစေတီ ရာမညဓမ္မာသာ လာမွန်ဓမ္မာရုံတွင် သက်ကြီးပူဇော်ကန်တော့ပွဲကျင်းပ

ပေါင်    ဧပြီ    ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီ ရာမညဓမ္မသာလာမွန်ဓမ္မာရုံတွင် (၄၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ (မဟာသင်္ကြန်အတက်နေ့) နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ သက်ကြီးပူဇော်ကန်တော့ပွဲတွင် ရှေးဦးစွာ သံဃာတော်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော် များနာယူကာ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ပြီး ကဒါရပ်ကွက်အတွင်းရှိ အသက် ၈၀ နှစ်အထက် ဘိုးဘွား(၁၅၂)ဦးတို့အား သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီ စုပေါင်းကာ အလှူငွေများလှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြ‌သည်။

ယင်းနောက် ငွေသားများအပါအဝင်၊ စတီးဒရင်းဘတ်၊ ဆန်အိတ်ကြီး၊ ဂွမ်းစောင်၊ ငါးဆင့်ချိုင့်၊ ထီး၊ ဓာတ်ဗူး၊ ဖိနပ် အစရှိသည့် အသုံးအဆောင်ပစ္စည်းများကို စာရေးတံမဲဖောက်ကာ ဘိုးဘွားများအား ပျော်ရွှင်စွာ လှူဒါန်းပေး ခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)