သံဖြူဇရပ် ဧပြီ ၁၇
၁၃၈၇ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကာလတွင် သက်ကြီးဘိုး/ဘွားများအား ပူဇော်ကန် တော့ခြင်းများ ပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ (၂၆)ကြိမ်မြောက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား သက်ကြီးပူဇော်ပွဲအ ခမ်းအနားကိုဧပြီ ၁၇ ရက်နံနက်ပိုင်းက မြို့လယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတသ၁ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ သံဖြူဇရပ် မြို့နယ် ကျိုက္ခမီမြို့အတွင်းရှိအ သက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွား စုစုပေါင်း (၉၈) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်သန်းမှဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စေတနာရှင် အလှူရှင်များမှစုပေါင်း၍ပူဇော်ကန်တော့ရာ တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်းဖြင့် ပူဇော်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)