ရွှေဘို ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံကျုံး၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အရွယ်အစား ၂လက်မခန့်ရှိသော ငါးမြစ်ချင်းငါးအမျိုးအစား ငါးကောင်ရေ ငါးသောင်းကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်းသိရသည်။ ယခုလို ဇီဝိတဒါန ငါးလွှတ်ခြင်းသည် နှစ်သစ်တွင် ကောင်းမှုပြုလိုသည့်ဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေချိုငါးမျိုးစိတ်များ မျိုးစိတ်ပြန့်ပွားရေး၊ ဂေဟစနစ်ဟန်ချက်ညီမျှမှု၊ ငါးမျိုးစိတ်များ ပြန်လည်တိုးပွားလာစေရန်နှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးဓလေ့ကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် နှစ်သစ်တွင် ကောင်းချီးမင်္ဂလာရရှိစေရန်၊ သက်ရှည်ကျန်းမာခြင်း၊ စီးပွားတိုးတက်ခြင်း စသည့်ကောင်းကျိုးများ ရရှိစေရန်ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သက်ရှိများအပေါ် သနားမှုနှင့်မေတ္တာစိတ်တိုးပွားစေသည့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)