နေပြည်တော် ဧပြီ ၁၉
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ အောင်စည်သာဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းဆောင်၊ သိမ်ကျောင်းနှင့်ဓမ္မာရုံတို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်ရှိ မရှိခဏဘုန်းတော်ကြီးကျောင်း၊ ကျည်တောင်ကန်အမှတ်(၂)ရပ်ကွက်ရှိ မှန်ဘုန်းတော်ကြီးကျောင်းနှင့် ကျည်တောင်ကန် အမှတ်(၃)ရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းများသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမျော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)