ဥတ္တရသီရိမြို့နယ်အတွင်းရှိ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများတွင် ကူညီဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဥတ္တရသီရိ ဧပြီ ၁၉

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ရေးပြ၊ အောင်ဆန်းစစ်ကြောင်းမှ ဒုတိယရဲမှူးကြီးဝေငြိမ်း ဦး‌ဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မောင်းရမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းညွှန့် ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့တို့သည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ အောင်လံကျေးရွာရှိ အောင်လံတောရကျောင်းအတွင်းရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)