ကျွန်းလှ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ရွှေကျွန်းလှ ပရဟိတအသင်းက ကြီးမှူးကျင်းပသော အသက် ၇၅ နှစ်အထက် ပထမအကြိမ် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီက သစ်ရာမြိုင်ရပ်ကွက် ဇေယျာမုနိ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီးရှေ့ရင်ပြင်၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရွှေကျွန်းလှအရဟိတအသင်းဝင် ဦးစိုးအောင်က သက်ကြီးဘိုးဘွား ပူဇော်ပွဲကျင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများက သက်ကြီးဘိုးဘွား (၅၈၃) ဦးအား ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး အလှူငွေနှင့် ကန်တော့လက်ဆောင်များပေးအပ်ကြရာအဘိုးတစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သသည်။
ကျွန်းလှမြို့၊ ရွှေကျွန်းလှ၏ ပရဟိတအသင်းက အသက် (၇၅) နှစ်အထက် ဘိုးဘွား (၅၄၃) ဦးအား တစ်ဦးလျှင် ကန်တော့ငွေကျပ် (၅၀၀၀၀)၊ အသက် (၉၀) နှစ်အထက် ဘိုးဘွား (၃၇) ဦးအား တစ်ဦးလျှင် ကန်တော့ငွေကျပ် (၅၀၀၀၀) နှင့် ကန်တော့ပစ္စည်း၊ အသက် (၁၀၀) နှစ်အထက် ဘိုးဘွား (၃) ဦးအား တစ်ဦးလျှင် ကန်တော့ငွေကျပ် (၅၀၀၀၀) နှင့် ကန်တော့ပစ္စည်း စုစုပေါင်းငွေကျပ် ၂၉,၁၅၀,၀၀၀ အားလှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ