မန္တလေးငလျင်ကြီးကြောင့် ဇေယျာသီရိမြို့နယ်အတွင်း နေအိမ်ပြိုကျခဲ့သည့် အိမ်ထာင်စုများအား အလှူငွေပေးအပ်

ဇေယျာသီရိ ဧပြီ ၂၀

မန္တလေးငလျင်ကြီးကြောင့် ဇေယျာသီရိမြို့နယ်အတွင်း နေအိမ်ပြိုကျခဲ့သည့် အိမ်ထာင်စုများအား အလှူငွေ‌ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအလှူငွေကို ရန်ကုန်မြို့ ဖြူစင်စေတနာအသင်းအဖွဲ့မှ ပေးအပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မန္တလေးငလျင်ကြီးကြောင့် ဇေယျာသီရိမြို့နယ်အတွင်းမှ နေအိမ်ပြိုကျခဲ့သည့် အိမ်ထောင်စုများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဖြူစင်စေတနာအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ‌အလှူငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နေအိမ်ပြိုကျခဲ့သည့် အိမ်ထောင်စုတစ်စုလျှင် ၃၆၀၀၀၀ ကျပ်ဖြင့် အိမ်ထောင်စု ၃၉ စုအတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းလင်း