(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ ကရာတေးပြိုင်ပွဲ ကျင်းပ

လွိုင်ကော်  ဇန်နဝါရီ  ၁၂

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကရာတေးပြိုင်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ် (၃)၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသား၊ အမျိုးသမီးကစားသမားများ၊ အသက်(၁၀) နှစ်၊ (၁၂) နှစ် ၊  (၁၄) နှစ် အတွက် ကကွက်ပြိုင်ပွဲ ၊ အတိုက်ပြိုင်ပွဲ များကို ထည့်သွင်းကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများကို ဇန်နဝါရီလ ၁၄ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီ အချိန်၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းလေး