စစ်ကိုင်း ဩဂုတ် ၄
စစ်ကိုင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးနှင့် ခုတင်(၂၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် လူနာ များနှင့်လူနာစောင့်များအား ယမန်နေ့ ညနေ(၄) နာရီခွဲက အာဟာရကြက်သား ဆန်ပြုတ်နှင့်သောက်ရေသန့်များ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ သည်ကိုသိရသည်။
အဆိုပါအဖွဲ့တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့မှူး ဦးဝင်းနိုင်ခေါင်းဆောင် သောတပ်ဖွဲ့ဝင်များပါဝင်ခဲ့ပြီး ဧမြဝတီရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၀၉)စု တို့ရှိမိသားစုဝင်များအားလည်း ခေတ္တယာယီနေရာချ ထားပေးသည့် နေရာများသို့ သွားရောက်ကာ အာဟာရကြက်သားဆန်ပြုတ်နှင့် သောက်ရေသန့်ပုလင်းများကို တစ်ဦးချင်းသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
မျိုးဝင်း (ပြန်/ဆက်)