စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရှေးဟောင်းရွှေထည်ပစ္စည်းများ တတိယအကြိမ် လာရောက်အပ်နှံ

မုံရွာ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျ ထားသည့် နေရာများတွင် ဒေသခံ()ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း()မျိုးတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ယခုကဲ့သို့ ရှေးဟောင်းပစ္စည်းများ လာရောက် အပ်နှံမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊   ရှေးဟောင်း အမွေ အနှစ်ပစ္စည်းများကို မြတ်နိုး တန်ဖိုးထားရမှာဖြစ်ကြောင်း၊  အဆိုပါ ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ပညာရှင် အဖွဲ့က စစ်ဆေး၍ မူလ ရွှေထည် တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာ ကြေးတို့ကို ဖြည့်စွက် ပေါင်းထည့် ၍ ထိုက်တန်စွာ ထပ်မံဆုချီးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံ()ဦးအတွက် ကြိုတင်ဆုကြေး ငွေ ကျပ်(၄)သိန်းကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ဒေသခံ(၁၁)ဦးတို့မှ  တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း(၁၁)မျိုးနှင့် ဟင်္သာရုပ်()ခုတို့ကို ဒီဇင်ဘာ ၁၄ ရက်နေ့နှင့်  ဒီဇင်ဘာ ၁ ရက်နေ့တို့က  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ လာရောက်အပ်နှံပေးခဲ့ရာ အဆိုပါ ဒေသခံ(၁၁)ဦးအတွက် ကြိုတင်ဆု ကြေးငွေ(၉၅၈၀၀၀၀)ကျပ်တို့ကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထွန်းကိုကို(ပြန်/ဆက်)