ကလေးမြို့တွင် ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်နှင့် အေရိုးဗစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်

ကလေး နိုဝင်ဘာ ၂၆

ကလေးမြို့တွင် ၂၀၂၅ ခုနှစ်တွင် ကျရောက်သော ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက်ဖူဆယ်နှင့်အေရိုးဗစ်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဖူဆယ်အသင်းဝန်ရှိသူများမှ အောင်ပွဲရဒိုင်းဆုအား လွဲပြောင်းပေးအပ်ခြင်း ခရိုင်အဆင့်အေရိုးဗစ်အဖွဲ့မှ အောင်ပွဲရဒိုင်းဆုအား ခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ အားလွဲပြောင်း ပေးအပ်ခဲ့ကြသည်။

ထို့နောက် ကလေးခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုရရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက်ဖူဆယ်နှင့်အေရိုးဗစ်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူမျာနှင့်အသင်းအလိုက် ကြီးကြပ်အုပ်ချုပ်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ခရိုင်(ပြန်/ဆက်)