၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မဲပေးစက်များအား (၁)လုံးခြင်း စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်

ကသာ နိုဝင်ဘာ ၂၇

ကသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား(၁)လုံးခြင်း စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကသာမြို့ ခမရ (၃၀၉)ခြေမြန်တပ်ရင်း အတွင်းတွင် ပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲ၌ အသုံးပြုမည့် MEVM မဲပေးစက်များအား တစ်လုံးခြင်း စမ်းသပ်စစ်ဆေးရာတွင် မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ၊ စက်ပိုင်းဆိုင်လုပ်‌ဆောင်မှုများတွင် စက်ချို့ယွင်းမှု ရှိ/မရှိ တို့ကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြန်မာအီလက် ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များက စမ်းသပ်စစ်‌ဆေးခဲ့ကြသည်။

အဆိုပါ MEVM မဲပေးစက်များအား စစ်‌ဆေးဆောင်ရွက်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မဲပေးစက်ဆိုင်ရာ နည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များက စမ်းသပ်ကြည့်ရှုစစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)