တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်သူများနှင့် စာဖတ်ဝိုင်းပြုလုပ်

တမူး နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေ(၄) နာရီက စာပေချစ်သူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက ပြင်ပဗဟုသုတများရရှိနိုင်ရေးအတွက် အခြားဗဟုသုတရရှိစေမည့် စာအုပ်များကို ဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တမူးမြို့စာပေချစ်မြတ်နိုးသူများအသင်းဝင် ဦးအောင်ဇော်လင်းက စာရေးဆရာ မောင်သာမည ရေးသားသည့် အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း စာအုပ်မှ “ခေါင်းဆောင်ဟူသည်” ခေါင်းစဉ်အကြောင်းအရာအား ဖတ်ရှုခဲ့ပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်သူများနှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်နေသည့်အပြင် ဝန်ထမ်းများလုပ်ငန်းစွမ်းရည် မြင့်မားရေးစာဖတ်ဝိုင်းများ အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာ